ဝစ်ရှင်နရီ မှ

-မ  နှင့် မာ ကိုလည်း ကြည့်ပါ။


U+1019, မ
MYANMAR LETTER MA

[U+1018]
မြန်မာ
[U+101A]

ဘုံဝေါဟာရ[ပြင်ဆင်ရန်]

အသံထွက်[ပြင်ဆင်ရန်]

  • IPA(key): /ma̰/
  • (file)

စာလုံး[ပြင်ဆင်ရန်]

  1. သည် မြန်မာအက္ခရာရှိ ၂၅ လုံးမြောက် ဗျည်း ဖြစ်သည်။

ဗမာ[ပြင်ဆင်ရန်]

ရင်းမြစ် ၁[ပြင်ဆင်ရန်]

ရှေးဦး-တရုတ်-တိဘက်နွယ် *ma ()မှ။

အသံထွက်[ပြင်ဆင်ရန်]

ဝါစင်္ဂ[ပြင်ဆင်ရန်]

(ma.)

  1. ကြိယာ၏ အနက်ကို ငြင်းပယ် တားမြစ်လိုရာတွင် သုံးသော စကားလုံး။
    ဒါနမမေ့၊စောင့်လေသီတင်း။ ကိုး * ၅။
  2. မိန်းမအမည်ရှေ့၌ တပ်သောစကားလုံး။
    မ ဌေးဌေးယဉ်။


ရင်းမြစ် ၂[ပြင်ဆင်ရန်]

အသံထွက်[ပြင်ဆင်ရန်]

ကြိယာ[ပြင်ဆင်ရန်]

(ma.)

  1. ချီပင့်သည်။
    ခုံကိုမပြီးရွှေ့ပါ။
  2. ထောက်ပံ့သည်။
  3. ကူညီချီးမြှောက်သည်။
    ရှေးကံမ၍၊ ပူရရွှေအိမ်၊ မင်းစည်းစိမ်ကို၊ မကြိမ်တောင်းဘဲ။ဥတိန် * ၄၄။
  4. အရေးပေးသည်။
    သူ့ကိုတစ်အိမ်လုံးဝိုင်းပြီးမထားကြတာ။
  5. ထိန်းသိမ်းဆောင်ယူသည်။
    ဘုရင့်နောင်ကျော်ထင်နော်ရထာတို့ ကြည်းကြောင်းကိုမ၍ လိုက်တော်မူ၏။ ကုလား၊ ဒု။ ၁၄၅။

ရင်းမြစ် ၃[ပြင်ဆင်ရန်]

ပစ္စည်း[ပြင်ဆင်ရန်]

(ma.)

  1. မယ် (mai, အနာဂတ်ပြ ကြိယာနောက်ဆက်) ၏ မူကွဲ ပုံစံ
    ဘာ စားလဲ။

ရင်းမြစ် ၄[ပြင်ဆင်ရန်]

နာမ်[ပြင်ဆင်ရန်]

(ma.)

  1. စုံမဟုတ်သော အရေအတွက်။
    ကျောဘက်ဝမ်းဘက်၊ ပက်လက်မှောက်ခုံ၊ မနှင့်စုံသို့၊ ခေါ်ရုံသာခြား၊ဓာတ်မပြားသည်။ ။လက်ဝါးလက်ခုပ်မှတ်ယူတည်း။မဃ*၃၁၅။
  2. ရှေးခေတ်လှည်းဘီးတွင် ဝင်ရိုးပေါက်ရှိသည့် အလယ်ပျဉ်ချပ်။
    ချပ်ဘီးတွင် ဝင်ရိုးပေါက်ရှိသည့် အလယ်ပိုင်းပျဉ်ပြားကို မခံပြားဟု လည်းကောင်း၊ စပ်ယူသောပျဉ်ပြားကို စပ်ဟုလည်းကောင်းခေါ်ကြသည်။ မြဝတီ၊၂၃၊၅။၂၃။
  3. မိန်းမကိုအတိုကောက်ခေါ်သောစကား။
    မ ဘက်လိုက်မိုက်ဘက်ပါ။ ဆိုရိုး။
  4. မျိုးပေါက်ပွားတတ်သေ ာသန္ဓေဆောင်သတ္တဝါ။ ဣတ္ထိလိင်၊ အမ။
    စိန်စိန်သည် မ မြဒင်သည်ဖို၊ ကန်း။၅၆။

ဘာသာပြန်များ[ပြင်ဆင်ရန်]

  • အင်္ဂလိပ်: odd number

ရင်းမြစ် ၅[ပြင်ဆင်ရန်]

နာမဝိသေသန[ပြင်ဆင်ရန်]

(ma.)

  1. ကြီးသော။
    မ ဆိုသောစကားသည် ကြီးသောမြတ်သော အနက်ရောက်သည်။ နန်းမ၊ ကျောင်းမ၊ ဆောင်မ၊ ကွန်းမ၊ ခန်းမ၊ လမ်းမ စသော စကားများ ထင်ရှားရှိသည်။ချုပ်ပုံ၊တ။၁၆၁။
  2. [အရင်းမူလဖြစ်သော။
    ရက်ကန်းလုပ်ငန်း၏ ပင်မပစ္စည်းဖြစ်သော ဝါအကြောင်းကို တင်ပြပါမည်။ ဘာသာစာ။၇၆။

မွန်[ပြင်ဆင်ရန်]

ရင်းမြစ် ၁[ပြင်ဆင်ရန်]

နာမ်[ပြင်ဆင်ရန်]

(mɛ̀ʔ)

  1. (chiefly formal) ဖခင်

ရင်းမြစ် ၂[ပြင်ဆင်ရန်]

နာမ်[ပြင်ဆင်ရန်]

(mɛ̀ʔ)

  1. အစေ့
ဝဏ္ဏပြောင်းစာ[ပြင်ဆင်ရန်]