အကူအညီ:ဝစ်ရှင်နရီ အခြေခံ

ဝစ်ရှင်နရီ မှ

ဒီစာမျက်နှာက ဝစ်ရှင်နရီနဲ့ စိမ်းနေသေးတဲ့ လူသစ်တွေ ဝစ်ရှင်နရီနဲ့ မြန်မြန်ဆန်ဆန် အသားကျသွားစေဖို့ လမ်းညွှန်စာမျက်နှာပါ။

ဝစ်ရှင်နရီဆိုတာ

အသစ်ထည့်လိုသော (သို့) ပြင်လိုသော စကားလုံးကို ရှာပုံ

မိမိပြင်လိုတဲ့ စကားလုံးကို ဝစ်ရှင်နရီရဲ့ ညာဘက်အပေါ်ထောင့် Searchbox မှာ ရိုက်ထည့်ပြီးသွားနိုင်ပါတယ်။ ဘရောက်ဇာရဲ့ လိပ်စာဘားထဲမှာ တိုက်ရိုက် ရိုက်ထည့်ပြီးတော့လည်း သွားနိုင်ပါတယ်။ ဥပမာ - ကိုယ်က love ဆိုတဲ့ စကားလုံးကို ပြင်လိုရင် http://my.wiktionary.org/wiki/love ဆိုပြီး တိုက်ရိုက်သွားနိုင်ပါတယ်။ အင်္ဂလိပ်မဟုတ်တဲ့ အခြားဘာသာ စကားလုံးတွေကိုလည်း ထိုနည်းတူ သွားနိုင်ပါတယ်။ (ဥပမာ - http://my.wiktionary.org/wiki/အချစ်)

စတင်ပြင်ဆင်ပုံ

မိမိပြင်လိုတဲ့ စကားလုံးရဲ့ စာမျက်နှာကို ရောက်ရင် အပေါ်ဘက် ညာထောင့်စွန်မှာရှိတဲ့ "စတင်ရေးသားရန်" (သို့) "ပြင်ရန်" ဆိုတဲ့ လင့်ကို နှိပ်ပြီး စတင်ပြင်ဆင်နိုင်ပါတယ်။ သူ့အရင် ရေးထားတာ ရှိရင် "ပြင်ရန်" ဆို ပြနေမှာဖြစ်ပြီး မရှိရင်တော့ "စတင်ရေးသားရန်" ဆိုပြီး ပြပါလိမ့်မယ်။

အကြမ်းဖျင်း ဝီကီဖော်မတ်

ဝစ်ရှင်နရီရှိ စာတွေကို ပြင်ဆင်ရေးသားရာဖို့ ဝီကီဖော်မတ်ကို သုံးပါတယ်။ ဝီကီဖော်မတ်ကို အောက်မှာ အကြမ်းဖျင်း သိသင့်သလောက် ဖော်ပြပေးထားပါတယ်။ အသေးစိတ်ကိုသိလိုရင်တော့ ဒီမှာ သွားဖတ်နိုင်ပါတယ်။

  • ခေါင်းစဉ်တွေအတွက် == နှင့် === ကို သုံးပါတယ်။ ထိပ်စီးခေါင်းစဉ်တွေကို ==ထိပ်စီး== ဆိုရေးပြီး ခေါင်းစဉ်ခွဲတွေကိုတော့ ===ခေါင်းစဉ်ခွဲ=== ဆို ရေးပါတယ်။ ခေါင်းစဉ်ခွဲကို ထပ်ခွဲချင်ရင် ညီမျှခြင်း လေးခု ငါးခု စသည်ဖြင့် ပိုထိုးသွားရုံပါပဲ။
  • စာသားတွေကို စောင်းစေချင်ရင် '' ကို သုံးပါတယ်။ ဥပမာ ''အစောင်း''
  • စာသားတွေကို နက်စေချင်ရင် ''' ကို သုံးပါတယ်။ ဥပမာ '''အနက်'''
  • စာသားတွေကို အစဉ်အတိုင်း ရေးချင်ရင် * (သို့မဟုတ်) # ကို ရှေ့က ခံရေးရပါတယ်။ ဂဏန်းစဉ် တပ်ချင်ရင် # ကို သုံးပြီး Bulletin ထိုးချင်ရင် * သုံးပါတယ်။
  • မြန်မာ ဝစ်ရှင်နရီတွင်းရှိ အခြားစကားလုံးတွေကို ပြန်ညွှန်းချင်ရင်တော့ [[စကားလုံး]] လွယ်လင့်တကူ သုံးနိုင်ပါတယ်။ ဥပမာ စကားလုံး

အကြမ်းဖျင်း စတိုင်

ဝစ်ရှင်နရီရှိ စာတွေကို သတ်မှတ်ထားတဲ့ စတိုင်တွေပေါ် မူတည်ပြီး ပြင်ဆင်ရေးသားရပါတယ်။ စတိုင် အကြမ်းဖျင်းကို အောက်မှာ ဖော်ပြပေးထားပါတယ်။ အသေးစိတ်ကို ဒီမှာ ကြည့်နိုင်ပါတယ်။

ပထမဆုံး မိမိပြင်လိုတဲ့ စကားလုံးရဲ့ သက်ဆိုင်ရာ ဘာသာစကားကို ရေးရပါလိမ့်မယ်။ ဒါက တစ်ချို့သော စကားလုံးတွေက ဘာသာစကား တစ်မျိုးထက် ပိုပြီးရှိနေလို့ပါ။ ဥပမာ larva ဆိုတဲ့ စကားလုံးက ဘာသာစကား လေး၊ ငါးမျိုးအတွက် အကျုံးဝင်နေတာကို တွေ့ရပါလိမ့်မယ်။

==အင်္ဂလိပ်==

ဘာသာစကားကို ရေးပြီးရင် အသံထွက်ကို ရေးပါတယ်။ အသံထွက်ကို မရေးလည်း ရပါတယ်။ ပုံမှန်အားဖြင့်တော့ အင်္ဂလိပ်စကားလုံးတွေရဲ့ အသံထွက်ဖိုင်ကို အင်္ဂလိပ် ဝစ်ရှင်နရီက ကူးယူနိုင်ပါတယ်။ နောက် အသံထွက် သင်္ကေတ (IPA) နှင့် အခြားသော စံသတ်မှတ်ချက်များ ကို ရေးပါ။ အင်္ဂလိပ်စကားလုံးအတွက် သင်္ကေတတွေကို အင်္ဂလိပ် ဝစ်ရှင်နရီက ကူးယူပါ။ ဗမာစကားလုံးအတွက် IPA သင်္ကေတကို ဒီနေရာမှာ မိမိဖာသာ ဖန်တီးနိုင်ပါတယ်။

===အသံထွက်===
* {{IPA|/lʌv/}}, {{SAMPA|/lVv/}}
*{{audio|en|en-us-love.ogg|Audio (US)}}

ပြီးရင် အဓိပ္ပါယ် စဖွင့်လို့ရပါပြီ။ ခေါင်းစဉ်အဖြစ် သက်ဆိုင်ရာ ဝါစင်္ဂ (နာမ်၊ ကြိယာ၊ ... ) ကို သုံးပါ။ အဓိပ္ပါယ်ဖွင့်ချက် တစ်ခုချင်းစီကို ဂဏန်းစဉ်တပ်ပြီး ရေးပါ။ (# ကို ရှေ့ကခံပြီး ရေးပါ။) ဥပမာ ကျွန်တော်တို့ love ကို အောက်ကအတိုင်း အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါတယ်။

===နာမ်===
# အချစ်။
# ချစ်သူ။

နမူနာ စာကြောင်း၊ စာသားတွေကို ဒီလိုရေးပါတယ်။

===နာမ်===
# အချစ်။
# ချစ်သူ။
#: ''She was my first '''love'''.''

လိုက်နာရမည့် အခြေခံ စည်းမျဉ်းများ

  • ဝစ်ရှင်နရီ ဝိုင်းတော်သား အချင်းချင်း အငြင်းပွားတာကို တတ်နိုင်သမျှ ရှောင်ပေးကြပါ။ သူတစ်ပြန် ကိုယ်တစ်ပြန် ပြင်ဆင်မှုတိုက်ပွဲများကို လုံးဝ ရှောင်ကြဉ်ပါ။ နဂိုကတည်းက မြန်မာဝစ်ရှင်နရီမှာ ပါဝင်လုပ်အားပေးသူ နည်းလှပါတယ်။ ဒါကြောင်မို့ ကျနော်တို့ရဲ့ အချိန်၊ ခွန်အားတွေကို အလဟဿ မဖြုန်းတီးကြပါနဲ့။ အဓိပ္ပါယ်သတ်မှတ်ရာမှာ တစ်ဦးနှင့်တစ်ဦး သဘောထား ကွဲလွဲခဲ့လျှင် ဆွေးနွေးရန် စာမျက်နှာမှာ အတ္တစွဲကင်းကင်းနှင့် ဆွေးနွေးပြီး အများသဘောတူညီမှု ရယူပါ။
  • အဓိပ္ပါယ်ဖွင့်ဆိုရာတွင် ဝစ်ရှင်နရီရဲ့ သတ်မှတ်ထားတဲ့ စတိုင်ဖော်မတ်တွေကို တတ်နိုင်သမျှ လိုက်နာပေးပါ။
  • အဓိပ္ပါယ်ဖွင့်ဆိုရာတွင် လူအများ ဖတ်၍ မသင့်တော်သော စကားလုံးများကို အမှန်တစ်ကယ် လိုအပ်မှ သုံးပါ။ အခြား ဖလှယ်၍ သုံးနိုင်သော စကားလုံးများ ရှိပါက ဖလှယ်သုံးပေးပါ။