အကူအညီ:အကူအညီ

ဝစ်ရှင်နရီ မှ

အခြေခံများ

ဖြည့်စွက်စာလုံး

သင်ဖြည့်စွက်သော စာလုံး၊ စာသားစုသည် စာလုံးသေးနှင့် ထည့်သွင်းပါ။ ထိုထည့်သွင်းသော စာလုံး၏ အဓိပ္ပါယ်ကို မြန်မာစာနှင့် တတ်နိုင်သလောက်ရှင်းပြပါ။ မြန်မာစာဟုဆိုရာ၌ မြန်မာပြည်၏ အစိုးရက သတ်မှတ်ထားသော ရုံးသုံးစာကို ဆိုလိုပါသည်။ ထိုစာသည် မြန်မာပြည်တွင် အများစုံးသုံးသော ဗမာစာဖြစ်ပါသည်။ တခြား မြန်မာပြည်မှ စာ၊စကားများ- မွန်၊ စကောကရင်၊ ရှမ်း၊ ပိုးကရင်၊ ကယား၊ ပလောင်၊ စသည်တို့ အတွက်တော့ နောင်တွင်ထပ်မံ၍ သီးခြားဋ္ဌာနေ လုပ်ပေးမလားဆိုတာ မသိသေးပါ။ ထိုစကားတို့အတွက် ရေးသားလျှင် အညွှန်းလေးပါ ထည့်ရေးပေးပါ။

လိုအပ်ချက်များ

  1. ( စာ )ဆိုသည်မှာ မည်သည့် စာ၊စကားကို ဆိုလိုသည်။
ဥပမာ အင်္ဂလိပ်စာဆိုလျှင် ==English== ဤသို့ရေးသားပါ။
  1. သဒ္ဒါအပိုင်း တွင်အင်္ဂလိပ်စာ ကဲ့သို့လိုအပ်က ဒီလိုရေးပါ။
    ( နာမ ) အတွက်ဆိုလျှင် ==Noun== လိုရေးပါ။ ဗမာစာတွင် ( ခြင်း )နှင့် အဆုံးသတ်လေ့ရှိပြီး တချို့တွင် အစ၌ ( အ )ဖြင့်စ၏။
    Adjective အတွက်ဆိုလျှင် ==Adj== လိုရေးပါ။ ၎င်းသည် ( သော ) နှင့်အဆုံးသတ်လေ့ ရှိပါသည်။
    Adverb အတွက်ဆိုလျှင် ==Adv== လိုရေးပါ။ ၎င်းသည် ( သည်နှင့် )အဆုံးသတ်လေ့ရှိပြီး တချို့တွင် ထပ်ခါ (ဥပမာ၊ လှလှ) ရေး၍အဆုံးသတ်၏။
    Verb အတွက်ဆိုလျှင် ==Verb== ဖြစ်ပြီး ( လျက် )နှင့် ( သည် ) တို့ကိုသုံးကြ၏။
  2. ရေးသွင်းသည့် အဓိပ္ပါယ်စာတန်းအောက်တွင် အသုံးပြုပုံ ဥပမာ ဝါကျလေးများ ရေးပေးနိုင်လျှင်ပိုကောင်းပါ၏။
  3. စာလုံး၏ အဓိပ္ပါယ်သည် ထည့်သုံးသည့် ဝါကျပေါ်မူတည်၍ ပြောင်းလေ့ရှိသဖြင့် အဓိပ္ပါယ်တူနီးပါး စာလုံးများကိုလည်း ရေးသွင်းနိုင်၏။
  4. အထက်ပါသည် အင်္ဂလိပ်စာလုံး တို့၏အဓိပ္ပါယ်ရေး သွင်းနည်း ဖြစ်၍တတ်နိုင်သမျှ လိုက်နာလိုပါသည်။ တခြားစာလုံးများ - ဥပမာ၊ ဂျာမာန်၊ ဂျပန်၊ ယိုဒယား၊ တရုတ် စသည်တို့၏ ထိုပုံမျိုး လိုက်နာပါက ပိုကောင်းပါ၏။

ဥပမာ

{ { w i k i p e d i a } }    သည် အင်္ဂလိပ်ဝီကီပီဒီယားမှ ထည့်သွင်းစာလုံး၏ အဆက်ကိုရယူသည်။ 
= = E n g l i s h = =        သည် အင်္ဂလိပ်စာလုံးဟုညွှန်၏။
{ { a u d i o | e n - u s - HERE . o g g | A u d i o   ( U S ) } } 
(  သည်စာလုံး၏ အသံထွက်ကို ရယူ၏။ HERE နေရာတွင် မိမိ၏စာလုံးကို ရေးထည့်ပါ။ အင်္ဂလိပ်စာလုံး အတွက်သာရှိသည်။ )
= = N o u n = =           သည် Noun အတွက်ဖြစ်၏။
*                        * သင်္ကေတ ထပ်ဆင့်ထည့်၍ ရေးခြင်းဖြင့် လှိုင်းကြောင်းခွဲနိုင်၏။
= = S y n o n y m s = = 
*     
= = A n t o n y m s = = 
*

အကြံပြု

  • မြန်မာ ၃ စံဖေါင့်ကို သုံးသူများသည် နောက်ဆုံးထုတ်ကိုရယူပြီး ရေးကြပါ။