အသုံးပြုသူ ဆွေးနွေးချက်:ခွန်မောင်မောင်

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝစ်ရှင်နရီ မှ

ပအိုဝ်းစာပေ နှင့် ယဉ်ကျေးမှု ဓလေ့ထုံးစံ များကို အတတ်နိုင် ဆုံး " ပအိုဝ်း" ဘာသာ နှင့် ရေးသားရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။ ပအိုဝ်း ဘာသာ ရေးတတ်သော ညီကို မောင်နှမ များ ဝိုင်းဝန်းပြီး တတ်နိုင်တဲ့ဖက်က ပါဝင်ကူညီ ရေးပေးကြပါရန် မေတ္တာ ရပ်ခံအပ်ပါသည်။ ဝီကီ မှာ ကျနော်တို့ ပအိုဝ်း ဘာသာ နှင့် အရေးအသားများ လုံးဝ မရှိသလောက် ဖြစ်နေပါသည်။ ထို့ကြောင့် ပအိုဝ်း ညီကို မောင်နှမ များ ပအိုဝ်းစာပေ ကို တတ်သိသလောက် ပအိုဝ်းလို ဝင်ပြီး ဝိုင်းဝန်း ကူညီရေး သားပေးကြပါလို့ တောင်းဆိုချင်ပါတယ်။ စာလုံးပေါင်း မှား မှာကို မကြောက်ကြပါ နှင့် မှားနေသာ စကားလုံးများကို ကျနော်တို့ တတ်နိုင်သလောက် ဝိုင်းဝန်းပြီး ပြင်ဆင် ပေးကြမှာ ဖြစ်ပါတယ်။ အဓိရည်ရွယ်ချက်က ဝီကီမှာ ကျနော်တို့ ပအိုဝ်းဘာသာ နှင့် ဖတ်ရှု လေ့လာ မှတ်သား နိုင်အောင် ရည်ရွယ် ထားပါတယ်။ အားရင် အားသလို ပါဝင် ကူညီ ရေးပေးကြပါလို့ ပအိုဝ်း ညီကို မောင် နှ မ များကို လေးစားစွာဖြင့် ဖိတ်ခေါ် အပ်ပါသည် ခင်ဗျာ။

အားလုံးကို အထူးကျေးဇူး တင်ပါတယ်။ ခွန်မောင်မောင်

မင်္ဂလာပါ အစ်ကိုရေ။ ပအိုဝ်းဝေါဟာရသစ်တွေ ဖြည့်ပေးနေတဲ့အတွက် ကျေးဇူးပါ။ အစ်ကိုရေးနေတဲ့ထဲမှာ ပုံစံလေး နည်းနည်းလွဲနေလို့ ပြင်ပေးပါရစေဗျာ။ အောက်မှာ နမူနာပုံစံလေး ပြထားပါတယ်။

== ပအိုဝ်း ==

=== (နာမ်/ကြိယာ/နာမဝိသေသန စသည်) ===
{{blk-noun}} (နာမ်အတွက်)
{{blk-verb}} (ကြိယာအတွက်)
{{blk-pronoun}} (တစ်ဦးဆိုင်နာမ်)
{{head|blk|နာမဝိသေသန}} (နာမဝိသေသနအတွက်)

# [[မြန်မာဘာသာပြန် ဝေါဟာရ]]
#: (ပအိုဝ်း နမူနာအသုံး)
#: (နမူနာအသုံး မြန်မာပြန်)

==== ဘာသာပြန်များ ====
* အင်္ဂလိပ်: {{t|en|(အင်္ဂလိပ်ဝေါဟာရ)}}

အဲဒီအတိုင်း ရေးပေးနိုင်ရင် ပိုကောင်းပါတယ်။ ပအိုဝ်းနမူနာ အသုံးနဲ့ မြန်မာပြန်ကတော့ မထည့်လဲရပေမယ့် ထည့်ပေးနိုင်ရင် အကောင်းဆုံးပေ့ါဗျာ။ "အင်္ဂလိပ်/English" ဆိုပြီး သီးသန့်ခေါင်းစဉ်ထိုးနေစရာ မလိုပါဘူး။ ဘာသာပြန်ဝေါဟာရတွေကို "ဘာသာပြန်များ" အပိုဒ်ခွဲအောက်မှာ တန်းစီပြီး ရေးပါတယ်။ နမူနာစာမျက်နှာအနေနဲ့ လွေꩻဒျာႏ ကို ကြည့်ကြည့်ပေးပါ။ မရှင်းတာ နားမလည်တာရှိရင် အားမနာတမ်း မေးနိုင်ပါတယ်ဗျာ။ ကျေးဇူးပါ။ NinjaStrikers «» ၀၅:၁၂၊ ၂၁ ဇွန် ၂၀၁၈ (UTC)[အကြောင်းပြန်ရန်]

ကျေးဇူးပါခင်ဗျာ[ပြင်ဆင်ရန်]

ညီလေးရေ အခုလိုရှင်းပြပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ အတတ်နိုင်ဆုံး ညီလေးပြောသွားတဲ့ Format လေးနဲ့ကြိုးစားပြီးရေးသွားမှာပါ မှားတာများရှိခဲ့ရင်လည်း အချိန်မရွေးပြင်ဆင်နိုင်ပါတယ် ဒါနဲ့ ညီလေးက ပအိုဝ်းလူမျိုးလား ခင်ဗျာ ပအိုဝ်းစာကို အရမ်းစိတ်ဝင်စားပေးတဲ့ အတွက် အများကြီး ဝမ်းသာပါတယ် ခင်ဗျ။ ညီလေးမှာ FB ရှိတယ်ဆိုရင် ကျနော့ကို အက်နိင်ပါတယ် ကျနော့အကောင့်က www.facebook.com/khunmaung2 ပါ လိုအပ်များရှိရင် မေးရ ပြုရတာ လွယ်အောင်လို့ စိတ်မရှိရင် ကျနော့ကို အက်ပေးစေချင်တယ် အခက်ခဲရှိတယ်ဆိုရင် လည်းကိစ္စ မရှိပါ ဘူး ဒီကနေပဲ ဆက်သွယ်မေးမြန်းကြတာပေါ့ ဒါနဲ့ ညီလေး လို့သာ ခေါ်ရတာ အသက်ကို မသိလို့ နော် အကယ်လို့များ ကျနော့ထက် အသက်ကြီးနေတယ်ဆိုရင် တောင်းပန်ပါတယ်။